” မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း “

Myanmar Youth Development Association

Phone

09 420733504

Email

myanmaryda@gmail.com

Office

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

Hours

Monday – Friday
8am – 5pm

” MYDA အင်အား လူငယ်များ၏ ပေါင်းစုအားသည် နိုင်ငံအတွက်ဖြစ်ရမည်။
 တို့ပြည်ရပ်ရွာ ကောင်းကျိုးဖြာအောင် တို့စွမ်းစို့ မြန်မာတည်ဖို့ ရှေးရှုစို့။ “

သတင်းများ

လှူဒါန်းမှုများ

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်

လှူဒါန်းမှုများ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျွန်းရောင်းစံပြကျေးရွာမှ ရေဘေးသင့်ပြည်သူများ (အိမ်ထောင်စု ၁၃၀ ကျော် လူဦးရေ ၈၀၀ ခန့်)အား...

အသင်းအဖွဲ့၏ လုပ်ငန်းစဉ်

အသင်းသည် လူမှုရေးကဏ္ဍများနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ကူညီဆောင်ရွက်သွားပါမည်-

(က) မိဘပြည်သူများ၏ လိုအပ်သော အစားအစာများနှင့် ဆေးဝါးများ ကူညီလှူဒါန်း ထောက်ပံ့ပေးရန်၊
(ခ) အခက်အခဲရှိ လူငယ်များအတွက် လိုအပ်သည်တို့ကို ကူညီထောက်ပံ့နိုင်ရေး၊ သက် ဆိုင်ရာဒေသရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းကာ လှူဒါန်းသွားပါမည်။

သာသနာတော်အတွက် ဆောင်ရွက်မှု မှတ်တမ်း

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း ၊ ရွှေထီးတော် အထွတ်တင် အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား တက်ရောက်

သာသနာတော်အတွက် ဆောင်ရွက်မှု မှတ်တမ်း(၁၄-၅-၂၀၂၃) မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ ဗုဒ္ဓဥယျာဉ်...

“မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင်၏ အတ္ထုပ္ပတ္တိအကျဉ်း”

၁။ ၂၀၂၃ ခုနှစ် နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ သာသနာ့နုဂ္ဂဟဘွဲ့ ဖြစ်သော အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ရရှိသူ ဦးမောင်မောင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းမြို့နယ် ဟုန်အိုင်ကျေးရွာမှာ အဖေ ဦးလီဟုန်လော်၊ အမိ ဒေါ်တုန်ခွမ်းချီ တို့မှ ၁၉၇၂ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၉)ယောက်မြောက်အနက် ဆဌမမြောက် သား ဖြစ်ပါသည်။

၂။ ဦးမောင်မောင်သည် ကိုးကန့်ဘာသာအထက် တန်း အောင်မြင်ခဲ့ပြီး ယခုအချိန်တွင် ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့၀င်တစ်ဦးဖြစ် နိုင်ငံတာဝန်ကို ထမ်းဆောင်လျက်ရှိသည့်အပြင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးရုံး ဒုတိယတာ၀န်ခံ၊ ကိုးကန့်လူငယ်ယဉ်ကျေးမှုအသင်း၏ ဥက္ကဌ၊ ကော်တုံးအထက်တန်းကျောင်း၏ ဒါရိုက်တာ၊ မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း (MYDA) ၏ဥက္ကဌ၊ ဖူလီလိုက်ကုမ္ပဏီအုပ်စု၏ ဦးဆောင်ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ်ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် လူငယ်များ၏ ဗလ (၅) တန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရန်နှင့် တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုရေးကဏ္ဍနှင့် သဘာဝဘေးအန္တရယ် များ ကျရောက်လာပါက ပရဟိတစိတ်ဓါတ်ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်။ "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09420733504

myanmaryda@gmail.com

Monday – Friday | 8am – 5pm