inner-new-banner-02

သာသနာတော်အတွက် ဆောင်ရွက်မှု မှတ်တမ်း

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း ၊ ရွှေထီးတော် အထွတ်တင် အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား တက်ရောက်

ကိုးကန့်လူထုသတင်းတင်ဆက်မှု၊ မေလ (၁၄) ရက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်းလှူ ပူဇော် ခြင်း ၊ ရွှေထီးတော် အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ကုန်းကြမ်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် တက်ရောက်၍ ယင်းနေ့ အခမ်း အနားကို လိုက်ပါဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်း အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm