inner-new-banner-02

လှူဒါန်းမှုများ

ကျောင်းကုန်းမြို့နယ်၊ ရွံဂယက်ကျေးရွာအုပ်စု၊ အခြေခံ ပညာမူလတန်းကျောင်း(ရွံ့ဂယက်) သို့ ကျောင်းသုံးကိရိယာများသွားရောက်လှူဒါန်းခြင်း

(၈-၇-၂၀၂၅) အင်္ဂါနေ့ နံနက်ပိုင်းတွင်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းနာယက ဒေါက်တာထိန်ဝင်းနှင့် အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ရွံဂယက်ကျေးရွာအုပ်စု၊ အခြေခံ ပညာမူလတန်းကျောင်း(ရွံ့ဂယက်)၌ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျောင်းအုပ် ကြီး၊ ဆရာ/မများ နှင့် တွေ့ဆုံကာ မူလတန်းကျောင်းရှိ ထောက်ပံ့ကူညီရန်လိုအပ်သော ကျောင်းသား/သူများအတွက် ကျောပိုးအိတ်၁၇လုံး၊ ဗလာစာအုပ်၅ဒါဇင်၊ ခဲတံ၅ကဒ်၊ ကွန်ပါ၅ဗူး ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm