သတင်းများ
ကြံခင်းမြို့နယ်ရှိ ဂုဏ်ထူးရကျောင်းသူ/သားများ အား ဂုဏ်ပြုချီးမြှင့်ခြင်း
၂၀၂၄/၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြံခင်းမြို့နယ်အတွင်းမှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ ထိုသို့ထူးချွန်ကျောင်းသား/သူများ ပေါ်ထွက်လာ စေရန် အတွက်သင်ကြားပေးခဲ့ကြသော အနန္တဂိုဏ်းဝင် ဆရာ/မများ၊ထူးချွန်အောင်မြင်စေရန် ပြုစုပျိုးထောင်ပေးခဲ့သည့်အခြေခံပညာကျောင်းများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ကြံခင်းမြို့ ဧရာဦးခန်းမ၌ (၃၁ – ၈ -၂၀၂၅) ရက်နေ့ မနက် (၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။
အခမ်းအနားသို့ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီးဇော်ဟိန်းနှင့်ခရိုင်ကော်မတီဝင်များ၊ ကြံခင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးဝင်းလှိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် သိပ္ပံဘာသာတွဲ၌ အမှတ်ပေါင်း (၅၂၄) မှတ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး တွင်ပထမဆုရ (၆)ဘာသာဂုဏ်ထူးရှင် ဖြစ်သည့် မနန်းစံပယ်ဖြူ၊ ဝိဇ္ဇာဘာသာတွဲတွင် အမှတ်ပေါင်း (၄၆၉) မှတ်ဖြင့် နိုင်ငံတော်အဆင့် ဆဋ္ဌမဆုရ (၃) ဘာသာ ဂုဏ်ထူးရှင် ဖြစ်သည့် မောင်နိုင်ထက်ဦး၊
(၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊
(၄)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊
(၃)ဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊
(၂)ဘာသာဂုဏ်ထူးရှင် (၁၂)ဦး၊
(၁)ဘာသာဂုဏ်ထူးရှင် (၂၄)ဦး၊
စုစုပေါင်း ထူးချွန်ကျောင်းသား/သူ (၅၃)ဦး
တို့အား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြပြီး တိုင်းဒေသကြီးအဆင့်တွင် အောင်ချက် ရာခိုင်နှုန်း ပထမရရှိအောင် စွမ်းဆောင်ပေးခဲ့သော မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးအား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဝင်းလှိုင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်အဆင့်တွင် အောင်ချက်ရာခိုင်နှုန်း ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သော အခြေခံပညာကျောင်းများနှင့် ထူးချွန်စွာသင်ကြားပေးခဲ့ကြသော ဆရာ/မ များအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပါသည်။
၎င်းဂုဏ်ပြုပွဲအခမ်းအနားတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဂုဏ်ပြု ဆုငွေကျပ် နှစ်ဆယ့်ငါးသိန်း (၂,၅၀၀,၀၀၀) အား ပါဝင်ချီးမြှင့်ပေးခဲ့ပြီး အသင်း၏ကိုယ်စား ဦးအောင်ဆန်းဝင်း၊ဗဟိုအလုပ်အမှုဆောင်(ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ) က ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပါသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)သည် မြန်မာလူငယ်များ၏ “ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ” ဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတွင်အစွမ်းကုန် ပံ့ပိုး ကူညီဆောင်ရွက်ပေးနေရုံသာမက နိုင်ငံတော်အတွင်းတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါကလည်း အချိန်နှင့်တစ်ပြေးညီ တက်တက်ကြွကြွ ကူညီဆောင်ရွက်လျှက်ရှိပါ သည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

