ကြံခင်းမြို့နယ်လုံးဆိုင်ရာ နှစ်ဦးအထူးတရားပွဲ
ဓမ္မသဘင်တွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)ဗဟိုအလုပ်အမှုဆောင် ဦးအောင်ဆန်း၀င်းနှင့် အသင်းသားများက ဓမ္မသဘင်ဖြစ်မြောက်ရေးဝေယျာ၀စ္စ အမှုတို့ကို ဆောင်ရွက် ကူညီခဲ့ပြီးမြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) မှမတည် ဓမ္မပူဇာ အလှူငွေ(ကျပ်သုံးသိန်း)ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပါသည်။
မြန်မာနိုင်ငံသူ/သားများအားလုံး ဘေးအန္တရာယ်များမှ ကင်းဝေးကြပြီး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "