inner-new-banner-02

သတင်းများ

ငြိမ်းချမ်းရေးဖိုရမ် – Peace Forum 2025

၂၅-၂၇ ရက် ဇွန်လ ၂၀၂၅ ခုနှစ်
နေပြည်တော်

နေပြည်တော်က မင်္ဂလာသီရိဟိုတယ်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ ဦဆောင်ကျင်းပသည့် “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ခေါင်းစဉ် ဖြင့် ငြိမ်းချမ်းရေးဖိုရမ်- Peace Forum 2025 အား အဖွဲ့ (၂) ဖွဲ့ခွဲကာ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တာ ကျင်းပလျက်ရှိရာသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ပါဝင်တက်ရောက်ခဲ့ပြီး အဖွဲ့ (၂) တွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်း သာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် – Peace Forum 2025 သို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက် သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ သံတမန်များ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် လေ့လာသူများတက်ရောက်ကြသည်။

အဆိုပါငြိမ်းချမ်းရေးဖိုရမ် – Peace Forum 2025 တွင်

၁။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး။
– နိုင်ငံတော်၏ပကတိအခြေအနေနှင့်ရွေးကောက်ပွဲ၏ အရေးပါမှု၊
– လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပပြီး ဥပဒေနှင့်အညီ လွှတ်တော် ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်သင့်သော အစီအမံများ။
၂။ ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတွင် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် နိုင်ငံတကာ အသိုက်အဝန်းများ၏ အခန်းကဏ္ဍကို ဖော်ထုတ်ခြင်း။
၃။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် လူမှုစီးပွားဘဝ စိန်ခေါ်မှု များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် နည်းဗျူဟာများကို ဖော်ထုတ်ခြင်း။
၄။ မြန်မာနိုင်ငံ၏အနာဂါတ်သည် ပထဝီနိုင်ငံရေးဆိုင်ရာရှုထောင့်အမျိုးမျိုးနှင့် ဆက်နွယ် သက်ရောက်မှုရှိပုံကို လေ့လာဆန်းစစ်ပြီး အသွင်ကူးပြောင်းရေးတွင် ကျင့်သုံးသင့်သော နည်းဗျူဟာများကို ဖော်ထုတ်ခြင်း စသည့်ခေါင်းစဉ်များကို Moderator များ Speakers များမှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများမှလည်း ပါဝင်ဆွေးနွေး မေးမြန်းခဲ့ကြပါ သည်။
ယခုဖိုရမ်၌ နိုင်ငံခြားဧည့်သည်တော်ပညာရှင်များဖြစ်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun ၊ အိန္ဒိယနိုင်ငံမှ သံအမတ်ကြီး (ငြိမ်း) Mr. Jaideep Mazumdar ၊ ထိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး (ငြိမ်း) Mr. Sihasak Phuan-gketkeo ၊ ရုရှားနိုင်ငံမှ Professor Aleksandr Gelyevich Dugin တို့ကငြိမ်းချမ်းရေးဖိုရမ်နှင့် ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့ကြပါတယ်။
ထို့အပြင် နိုင်ငံခြားဧည့်သည်တော်ပညာရှင် ၈ ဦးကလည်း “ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲ အလွန် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာအခွင့်အလမ်းများ” ၊ “ပဋိပက္ခအပြီး ပြန်လည် တည်ဆောက်ရေးနှင့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးဆိုင်ရာတို့နှင့် ပတ်သက် ပြီး ကိုင်တွယ်ဖြေရှင်းရမည့်လုပ်ငန်းစဉ်များ” ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသည့် ကိုယ်စားလှယ် အသီးသီးကဆွေးနွေးမေးမြန်းခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ကြကာ ဦးဆောင်ဆွေးနွေးသူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းခဲ့ကြ တယ်လို့လည်းသိရပါတယ်။
ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစား အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC)မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခ များ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သောပြည်တွင်းအဖွဲ့ အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ စုစုပေါင်း ၂၅၉ ဦးတက်ရောက်ကြကြောင်းသိရှိရပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm