inner-new-banner-02

သတင်းများ

စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) သို့ ပညာသင်လူရည်ချွန်ဆုပေးအပ်ခြင်း

(၂၀၂၄/၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့် ကျောင်းသူ/သားများ ၊ လူရည်ချွန်များနှင့် သင်ကြားရေးထူးချွန် ဆရာ/မများအား ဂုဏ်ပြုပွဲအခမ်းအနားကို (၁၁.၉.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘိလပ်မြေစက်ရုံနယ်မြေ၊ စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်အောင်ခရိုင် ပညာရေးမှူး ဦးမြင့်အောင်၊ ကြံခင်းမြို့နယ် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/မများနှင့် ကျောင်းသူ/သားများတက်ရောက်ကြပြီး မြန်အောင်ခရိုင် ပညာရေးမှူး၊ ကြံခင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြန်မာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)၏ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်ဆန်းဝင်းတို့ကဂုဏ်ပြုစကားများ ပြောကြားခဲ့ကြကာ ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ရာ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှလည်း လေးဘာသာ ဂုဏ်ထူးရှင် လူရည်ချွန်နှစ်ထပ်ကွမ်းဖြစ်သူ မမြတ်ထူးထူးနိုင်အား ပညာသင်ထောက်ပံ့ဆု အဖြစ် နှစ်သိန်းကျပ် ချီးမြှင့်ခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm