inner-new-banner-02

သတင်းများ

တောင်ကြီး၊ ဇွန် ၁၆

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)၏ ရှမ်းပြည်နယ်တာဝန်ခံ၊ ဗဟိုအလုပ် အမှုဆောင် ဦးဉာဏ်ထိန်လင်းသည် ယနေ့ (၁၆ – ၆ -၂၀၂၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဋ္ဌေးနှင့် တွေ့ဆုံ၍ ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်း၍ လူငယ်များ၏ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေး လုပ်ငန်းစဥ်များကိုဆောင်ရွက်ရန်၊ တက္ကသိုလ်များတွင် လူငယ်တွေ့ဆုံပွဲများ၊ လူငယ်များ အတွက် အသိပညာပေးသင်တန်းများ ပို့ချသင်ကြားနိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပါ သည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm