inner-new-banner-02

လှူဒါန်းမှုများ

တောင်ကြီး ဇွန် ၂၂

ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် “လူငယ်စကားဝိုင်း”အခမ်းအနားကို ယနေ့ ၂၀၂၆ ခုနှစ်၊ဇွန်လ ၂၂ ရက်နေ့တွင် တောင်ကြီးမြို ၊အထက(၁)ရှိ ဒေါ်ခင်သိန်းခန်းမ၌ မနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြေညာခဲ့ပြီး လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဋ္ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးသိန်းအောင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်စိုးက လူငယ်စကားဝိုင်း ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြမည့် ကျောင်းသား/သူများနှင့် စေ့စပ်ညှိနှိင်းရေးမှူး တို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း (MYDA)မှ ရှမ်းပြည်နယ်တာဝန်ခံ၊ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ထိန်လင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို ကျောင်းသုံးဗလာစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထိုနောက် လူငယ်စကားဝိုင်းအားဆက်လက်ကျင်းပခဲ့ပြီး နေ့လည်(၁၂: ၃၀)နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။
အဆိုပါအခမ်းအနားသို လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးဝင်းဋ္ဌေး ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တောင်ကြီးခရိုင်ဦးစီးမှူး ဦးသိန်းအောင် ၊ တောင်ကြီးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေရီမိုး ၊ မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း (MYDA)မှ ရှမ်းပြည်နယ်တာဝန်ခံ ၊ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ထိန်လင်း ၊ တောင်ကြီးမြို ၊ အထက (၁)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်စံပယ်စိုးနှင့် ဆရာ/မများ ၊ ကျောင်းသား/သူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm