inner-new-banner-02

လှူဒါန်းမှုများ

နေပြည်တော် ဇွန်၂၂

မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း(MYDA)၏ နေပြည်တော်၊ပြည်ထောင်စုနယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးကိုကိုအောင်(ခ)ဦးရဲရင့်နှင့်အဖွဲဝင်များသည် ယနေ့ (၂၂ – ၆ – ၂၀၂၆)ရက်နေ့တွင် နေပြည်တော် ၊ ဒက္ခိဏသီရိမြိုနယ် ၊ အမြန်လမ်း (၂၀၄)မိုင် (၄)ဖာလုံရှိ အာစိဏ္ဏသိရီ ပရဟိတ-ဝိပဿနာ (မိဘမဲ့)ကျောင်းသို ကျောင်းသုံးဗလာစာအုပ် (၅၀)ဒါဇင်အား သွားရောက်၍ ထောက်ပံ့လှူဒါန်းခဲ့ရာ ကျောင်းထိုင်ဆရာတော် ဦးဉာဏသီရိ(ကိုယ်စား) ၊ တာဝန်ခံဆရာတော် ဦးဝိလာသမှ လက်ခံယူခဲ့ပါသည်။
မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊ ဘောဂဟူသောဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်အတွက် စဥ်ဆက်မပြတ် ပြုစုပျိုးထောင် မြေတောင် မြှောက်ပေးလျှက်ရှိသကဲ့သို နိုင်ငံအတွင်းတွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲအစည်းများနှင့် ပူးပေါင်း၍ကူညီပါဝင်ဆောင်ရွက်ပေး လျှက်ရှိပါသည်။

မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm