inner-new-banner-02

သတင်းများ

နေပြည်တော် ၊ ဇွန် ၂

(၂ – ၆ -၂၀၂၆) ရက်နေ့တွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)သည် ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းသားလူငယ်များအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်၊ နိုင်ငံ့သားကောင်းလူငယ်များ ပိုမိုပေါ်ထွန်းလာစေရန်နှင့် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်မည့် လူငယ်လူရွယ်များစွာ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်းဗလာစာအုပ် (၅၀၀) ဒါဇင်အား လူငယ်ရေးရာ၀န်ကြီးဌာနသို့ လှူဒါန်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ လူငယ်ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ အကြီးတန်းအကြံပေး ဦးစည်သူ၊ အတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဥ်ဆက်မပြတ် ပြုစုပျိုးထောင် မြေတောင်မြှောကဝန်ကြီးဌာနများ၊မိတ်ဖ နိုင်ငံအတွင်းတွင် သဘာဝ ဘေးအန္တရာယ်များကျရောက်လာပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ကူညီပါဝင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm