သတင်းများ
ဗဟိုအဆင့်လူရည်ချွန်မောင်/မယ် (၇) ဦးအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) တက်ရောက်ဂုဏ်ပြုပေးခဲ့ခြင်း
ဧရာဝတီ ၊မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ် အတွင်းရှိ ဗဟိုအဆင့်လူရည်ချွန်မောင်/မယ် (၇) ဦးအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို (၁၁-၅-၂၀၂၆) ရက်နေ့တွင် မြန်အောင်မြို့နယ် ကနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ (၁၂-၅-၂၀၂၆) ရက်နေ့တွင် ကြံခင်းမြို့ရှိ ဧရာဦးခန်းမနှင့် အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်အောင်ကျော် ခန်းမ၌လည်းကောင်း ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာမြို့နယ်များ၏လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ၅၂၈ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာနန္ဒ၊ လဲဝါကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာကောဝိဒ၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ဆရာ/မများ၊ ကျောင်းသူ/သားများနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဧရာဝတီတိုင်းဒေသ ကြီး တာဝန်ခံ ဦးအောင်ဆန်းဝင်း နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ထိုဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားများတွင် ဗဟိုအဆင့်လူရည်ချွန်လူငယ်မောင်မယ်များဖြစ်ကြ သော-
(၁) မောင်ဟိန်းသန့်ဇော် (အင်္ဂပူမြို့နယ်)
(၂) မောင်လင်းမြတ်ဦး (မြန်အောင်မြို့နယ်)
(၃) မောင်သာခန့်ညီ (ကြံခင်းမြို့နယ်)
(၄) မဆုရတီထွန်း (ကြံခင်းမြို့နယ်)
(၅) မယောဟဏီလွင် (ကြံခင်းမြို့နယ်)
(၆) မအိမ့်ချစ်သဲ (ကြံခင်းမြို့နယ်)
(၇) မခွန်းချိုသာဇော် (ကြံခင်းမြို့နယ်)
တို့အား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို)ကိုယ်စား ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်ဆန်းဝင်းနှင့်အဖွဲ့ဝင်များမှ တစ်ဦးလျှင် တစ်သိန်းကျပ်ဖြင့် စုစုပေါင်း ခုနှစ်သိန်း ကျပ်အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

