inner-new-banner-02

သတင်းများ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကြည့်မြင်တိုင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တက်ရောက်ခဲ့ခြင်း

၂၀၂၆ခုနှစ် ၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကြည့်မြင်တိုင်ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို နံနက် (၉:၃၀) နာရီတွင် စတင်ကျင်းပ ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အထက(ခွဲ)ကြည့်မြင်တိုင်မှ ဆရာ/မများနှင့် ကျောင်းသားမိဘများ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်ကျောင်းသား/သူများ တက်ရောက်ခဲ့ပါ သည်။

ပထမဦးစွာ အထက(ခွဲ) ကြည့်မြင်တိုင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ထူးချွန်ဆုများပေးအပ်ခြင်းအစီအစဥ်အား ဆက်လက်ကျင်းပရာ မြန်မာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ သင်ကြားရေးတွင် ထူးချွန်ဆု ရရှိခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အထက(ခွဲ) ကြည့်မြင်တိုင်ကျောင်းမှ ကျောင်းသား/သူလေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

အမရပူရမြို့နယ် ၊ အထက(ခွဲ) ကြည့်မြင်တိုင်သည် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ၂၀၂၅ ခုနှစ် ကျောင်းဖွင့်ရာသီတွင် စာအုပ်၊ စာရေးကိရိယာနှင့်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ လှူဒါန်းပေးခဲ့သည့် ကျောင်းတစ်ကျောင်းဖြစ်ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm