inner-new-banner-02

သတင်းများ

မန္တလေးမြို့တွင် “VOTER EDUCATION FOR YOUTH” ခေါင်းစဥ်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏လမ်းညွှန်မှုဖြင့်မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)တို့ ပူးပေါင်း ကျင်းပပြုလုပ်သည့် “VOTER EDUCATION FOR YOUTH” ခေါင်းစဥ်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ (၃၁.၁၀.၂၀၂၅) ရက်နေ့တွင် မန္တလေးမြို့၊ လမ်း ၃၀၊ (၇၀× ၇၁) လမ်းကြားရှိ ဗထူးအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမကြီး၌ နံနက် ၈ နာရီခွဲအချိန်တွင် စတင်ကျင်းပခဲ့သည်။
အခမ်းနားသို့မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်မျိုးဆန်းနှင့်မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့်CECအဖွဲ့ဝင်များ၊ မဲဆန္ဒရှင်ပြည်သူလူထုများစုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း(MYDA) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်က အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဆန်းက ရွေးကောက်ပွဲဆိုင်ရာ အသိပညာများကို တက်ရောက်လာကြသောမဲဆန္ဒရှင်ပြည်သူများအား အကျယ်တဝံ့ရှင်းလင်းဟောပြောခဲ့ပါသည်။

“ယနေ့ ကျင်းပရသောအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)တို့ ပူးပေါင်းပြီး နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီစနစ်ခိုင်မာရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးမှု၊ မျိုးဆက်သစ်လူငယ်များအနေနှင့် မဲပေးခြင်း၏ အရေးပါမှု၊ မှန်ကန်စွာမဲပေးနည်း၊ မိမိတို့၏ မဲတစ်မဲသည် နိုင်ငံတော်၏ အနာဂတ်ကို မည်သို့အကျိုးသက်ရောက်မှုရှိစေသည်ဆိုခြင်းအား နားလည်သဘောပေါက်စေရန်နှင့် မဲဆန္ဒရှင်လူငယ်များ စနစ်တကျ မဲပေးနိုင်ရေး နှငိ့ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး လူငယ်များ ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် “Voter Education for Youth” ခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း” မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်က ပြောကြားခဲ့သည်။
အခမ်းအနားကို နေ့လည်ပိုင်းတွင်ဆက်လက်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ သိရှိလိုသော မေးမြန်းမှုများကို မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက စိတ်ရှည်လက်ရှည် ပြန်လည်ရှင်းပြခဲ့ပြီး မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၏ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေမှ တက်ရောက်လာကြသော မဲဆန္ဒရှင်များအား ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ဥာဏ်စမ်းမေးခွန်းအနေဖြင့်မေးမြန်းခဲ့ကာ ပြန်လည်ဖြေကြားပေးသော မဲဆန္ဒရှင်များအား အမှတ်တရလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm