inner-new-banner-02

သတင်းများ

မန္တလေး၊ ဇွန် ၁၂

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ထွန်းဦးနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်းထက်နှင့် ဒေါ်သန္တာမြင့်တို့သည် ယနေ့ (၁၂ – ၆ – ၂၀၂၆) ရက်နေ့တွင် စစ်ကိုင်းမြို့၊ မင်းဝံတောင်ရိုးရှိ စန္ဒာတေဇာရာမချောင် ပရဟိတကျောင်းသို့ ကျောင်းသုံးဗလာစာအုပ် (၃၆) ဒါဇင်၊ စစ်ကိုင်းတောင်ရိုးရှိ အရိယာသီသကျောင်းသို့ ကျောင်းသုံးဗလာစာအုပ် (၁၄) ဒါဇင်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ မြောင်းဆုံငယ်အုပ်စု၊ ဥယျာဥ်ငယ်ရွာ၊ မာဃိန္ဒာရာမဥယျာဥ်လေး ကျောင်းတိုက်ရှိ မိဘမဲ့နှင့်လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းသုံးဗလာစာအုပ် (၃၀) ဒါဇင်နှင့် စဥ့်ကိုင်မြို့နယ်၊ ကျွန်းဦးရွာ၊ ကျွန်းဦးကျောင်းတိုက် အတွင်းရှိ မာဃပရဟိတဘုန်းတော်ကြီးသင်ပညာရေး မူလတန်းကျောင်းသို့ ကျောင်းသုံး ဗလာစာအုပ် (၂၀) ဒါဇင်တို့အားပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ တာဝန်ခံဆရာတော်များနှင့် သီလရှင်သင် ပညာရေးကျောင်းများမှ သီလရှင်ဆရာလေးများက လက်ခံရယူခဲ့ပါသည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဥ်ဆက်မပြတ် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးလျှက်ရှိသကဲ့သို့ နိုင်ငံအတွင်းတွင် သဘာဝဘေး အန္တရာယ်များကျရောက်လာပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ကူညီပါဝင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm