inner-new-banner-02

သတင်းများ

မန္တလေး၊ ဇွန် ၁၅

ယနေ့ (၁၅ – ၆ -၂၀၂၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဋ္ဌေးအောင်နှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ၊ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ထွန်းဦးတို့သည် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ကျင်းပမည့် “လူငယ်နှင့် အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး” လူငယ်စကားဝိုင်းအား ၂၀၂၆ ခုနှစ်၊ ဇွန်လ စတုတ္ထအပတ်အတွင်း ရတနာပုံတက္ကသိုလ်၌ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာအား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

၎င်းလူငယ်စကားဝိုင်း၌ တက္ကသိုလ်ကျောင်းသား/သူ (၃၀၀) ဦးနှင့် အထက်တန်း ကျောင်းသား/သူ (၂၀၀) ဦး၊ စုစုပေါင်း လူငယ်အင်အား (၅၀၀) ဦး တက်ရောက်၍ ပါဝင်ဆင်နွှဲမည်ဖြစ်ပြီး

စကားဝိုင်းတွင် နိုင်ငံတော်နှင့်လူငယ်များအတွက် ကောင်းကျိုးပြုစေမည့်

၁။ လူငယ်နှင့် မျိုးချစ်စိတ်
၂။ လူငယ်နှင့် အားကစား
၃။ လူငယ်နှင့် နည်းပညာ
၄။ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း စသော အကြောင်းအရာများကိုဆွေးနွေးအဖြေရှာ၍ လူငယ်များ၏အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ တတ်စွမ်းသမျှ ကူညီဆောင်ရွက် ပေးမည် ဖြစ်ပါသည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm