inner-new-banner-02

သတင်းများ

မန္တလေး၊ ဇွန် ၉

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်၊ ဗဟိုအလုပ်အမှု ဆောင် ဦးဟန်ထွန်းဦးနှင့် ဦးသာပြည့်ထွန်းတို့သည် ယနေ့ (၉ – ၆ -၂၀၂၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာဦးစီးဌာနတွင် အသုံးပြုရန်အတွက် EPSON L3250 Colour Printer(၁)လုံး (တန်ဖိုးငွေကျပ်-၁၀၂၀၀၀၀) နှင့် A4ငါးထုပ်ပါ (၁)ပုံး (တန်ဖိုးငွေကျပ်-၂၀၀၀၀၀) အား သွားရောက်လှူဒါန်းခဲ့ရာ ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်က လက်ခံ ရယူခဲ့ပါသည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဥ်ဆက်မပြတ် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးလျှက်ရှိသကဲ့သို့ နိုင်ငံအတွင်းတွင် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ကူညီပါဝင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm