လှူဒါန်းမှုများ
မန္တလေး ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနနှင့် မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း(MYDA)တို ပူးပေါင်း၍ လူငယ်ရေးရာအသိပညာရေးဟောပြောပွဲကို ယနေ့ ၂၀၂၆ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြိုနယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို မန္တလေးတိုင်းဒေသကြီး၊လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိင်ဌေးအောင် ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမြင့်ခိုင် ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းကိုနှင့် ဒေါ်မြင့်မြင့်ထွေး ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ၊မန္တလေးတိုင်း ဒေသကြီးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ထွန်းဦးနှင့် တိုင်းဒေသကြီးအလုပ်အမှုဆောင်များ ၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) မှ နည်းပြဆရာ/ မများ နှင့် သင်တန်းသား/သူ(၂၅၀)ဦး တိုတက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌက အသင်း၏ရည်မှန်းချက် ၊ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထိုနောက် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်က လူငယ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လူငယ်ကဏ္ဍ(၁၆)ရပ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသော သင်တန်းသား/သူများအား ဥာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်းခဲ့ကာ ဉာဏ်စမ်းမေးခွန်းများဖြေဆိုခဲ့ကြသည့်သင်တန်းသား/သူများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပါသည်။
မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊ ဘောဂဟူသောဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်အတွက် စဥ်ဆက်မပြတ် ပြုစုပျိုးထောင် မြေတောင် မြှောက်ပေးလျှက်ရှိသကဲ့သို နိုင်ငံအတွင်းတွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊မိတ်ဖက်အဖွဲအစည်းများနှင့်ပူးပေါင်း၍ ကူညီ ပါဝင်ဆောင်ရွက် ပေးလျှက် ရှိပါသည်။
မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

