သတင်းများ
မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) သို့ တက်ရောက်ခဲ့ခြင်း
နေပြည်တော်
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ၏ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့် ဗဟိုအလုပ် အမှုဆောင်များသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ ရုံးအမှတ် (၃၁)၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) သို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရေးရာကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ဦးဆောင်၍ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် လူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၏ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ ငလျင်ဒဏ်သင့် ပြည်သူများအတွက် အစားအစာများ၊ အဝတ်အထည်များနှင့် ငွေကြေးထောက်ပံ့ခဲ့မှုများ၊ အသင်းပိုင်မြေနေရာလျှောက်ထားမှု အခြေအနေ၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူ များအား စုဖွဲ့သင်ကြားပေးနေတဲ့ ကျောင်းများသို့ အစားအသောက်နှင့် စာရေးကိရိယာတွေ သွားရောက်လှူဒါန်းပေးနိုင်ခဲ့မှုများ၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ စာသင်ကျောင်း ပေါင်း (၇၀) ကျော်ရှိ ကျောင်းသား/ သူများအား စာရေးကိရိယာများ လှူဒါန်းနိုင်ခဲ့မှုများ၊ (၂၃-၅-၂၀၂၅) ရက်နေ့မှ (၂၇-၅-၂၀၂၅) ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် “4th ASEAN Youth Dialogue 2025” သို့ မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း (MYDA) မှ တစ်ဦး စေလွှတ်နိုင်ခဲ့မှု အခြေအနေ၊ (၂၀-၆-၂၀၂၅) ရက်နေ့မှ (၂၃-၆-၂၀၂၅) ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် “SHARING TOGETHER FOR ONLINE RESILIENCE AMONG YOUTH(STORY) 2025 – THE CHANGEMAKERS” သို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ တစ်ဦးစေလွှတ်နိုင်ခဲ့မှု အခြေအနေ၊ (၂၅-၆-၂၀၂၅) ရက်နေ့မှ (၂၇-၅-၂၀၂၅) ရက်နေ့ အထိ နေပြည်တော် မင်္ဂလာသီရိဟို တယ်တွင် ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ် – Peace Forum 2025 သို့ မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း (MYDA) ဥက္ကဋ္ဌ တတ်ရောက်ခဲ့မှုအခြေအနေ၊ (၁၂-၇-၂၀၂၅) ရက်နေ့မှ (၁၉-၇-၂၀၂၅) ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် ASEAN Youth Volunteer Program သို့လည်း မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) မှ တစ်ဦးစေလွှတ်သွား မည့် အခြေအနေ၊ လာမည့် (၃) လပတ် အတွင်းတွင် ဆောင်ရွက်ရန် လျာထားသည့် အလုပ်ရုံ ဆွေးနွေးပွဲများ အကြောင်းနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် ကျင်းပပြုလုပ်မည့် လူငယ်စကားဝိုင်းတွင်လည်း မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ Moderator ၊ Speaker များ (လိုအပ်ပါက) ပါဝင်ဆွေးနွေးပေးမည် ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

