inner-new-banner-02

လှူဒါန်းမှုများ

မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း (MYDA) သည် ငလျင်ဒဏ်သင့် နေရာများအား ဆက်လျက် သွားရောက်လှူဒါန်းခြင်း

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) ၏ ဗဟိုအလုပ်အမှုဆောင် ဦးဆောင်ဆန်းဝင်း နှင့် ပရဟိတအဖွဲ့ဝင်များ၏ ဦးဆောင်ပါဝင်မှုနှင့် အလှူရှင်ဆရာတော် သံဃာတော်များ၊ ခုနှစ်ရက်သားသမီး အလှူရှင်များ၏ စုပေါင်းပါဝင်လှူဒါန်း ကူညီမှုဖြင့် ဧပြီလ (၇-၈) ရက်နေ့ များတွင် မန္တလေးဆေးရုံရှိလူနာ နှင့်၀န်ထမ်းများ၊ မန္တလေး မစိုးရိမ်တိုက်သစ်၊မစိုးရိမ်တိုက်ဟောင်း နှင့်အာသောကာရာမဇောတိကာရုံကျောင်းရှိ ငလျင်ကယ်ဆယ်ရေးစခန်းရှိပြည်သူများ၊ စစ်ကိုင်း မြို့ မဟာမင်းထင်ကျောင်းဆရာတော်၊ စစ်ကိုင်းအေးသီတာချောင်ရှိဆရာကြီး၊ ဆရာလေးများနှင့် ငလျင်ဒဏ်သင့် ပြည်သူများအား။
ဆက်လက်ပြီး ဧပြီလ (၉) ရက်နေ့တွင် ကျောက်ဆည် ဆေးရုံရှိ ငလျင်ဒဏ်သင့် ပြင်းထန်ဒဏ်ရာ ရလူနာများ၊ ငလျင်ဒဏ်သင့်ပြည်သူများနှင့် ကျောက်ဆည်မြို့ Brightkids မူကြိုရှိ ကလေးငယ် များ၏ ကျန်ရစ်သူ မိသားစုဝင်များအတွက် ခေါက်ဆွဲခြောက်၊ ရေသန့်၊ Royal D အားဖြည့် အချိုရည်၊ မုန့်မျိုးစုံ၊ ဆန်၊ ဆီ၊ ဆားနှင့် အလှူငွေ စုစုပေါင်း ၃၃၂ သိန်းခန့် လှူဒါန်းနိုင်ခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

mmyda.1996@gmail.com kyawzwar63@gmail.com

Monday – Friday | 8am – 5pm