“မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင်၏ အတ္ထုပ္ပတ္တိအကျဉ်း”
၁။ ၂၀၂၃ ခုနှစ် နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ သာသနာ့နုဂ္ဂဟဘွဲ့ ဖြစ်သော အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ရရှိသူ ဦးမောင်မောင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းမြို့နယ် ဟုန်အိုင်ကျေးရွာမှာ အဖေ ဦးလီဟုန်လော်၊ အမိ ဒေါ်တုန်ခွမ်းချီ တို့မှ ၁၉၇၂ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၉)ယောက်မြောက်အနက် ဆဌမမြောက် သား ဖြစ်ပါသည်။
၂။ ဦးမောင်မောင်သည် ကိုးကန့်ဘာသာအထက် တန်း အောင်မြင်ခဲ့ပြီး ယခုအချိန်တွင် ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့၀င်တစ်ဦးဖြစ် နိုင်ငံတာဝန်ကို ထမ်းဆောင်လျက်ရှိသည့်အပြင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးရုံး ဒုတိယတာ၀န်ခံ၊ ကိုးကန့်လူငယ်ယဉ်ကျေးမှုအသင်း၏ ဥက္ကဌ၊ ကော်တုံးအထက်တန်းကျောင်း၏ ဒါရိုက်တာ၊ မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း (MYDA) ၏ဥက္ကဌ၊ ဖူလီလိုက်ကုမ္ပဏီအုပ်စု၏ ဦးဆောင်ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ်ပါသည်။
၃။ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင်သည် ဥပါသကာ ဂုဏ်ရည်(၁၀) ပါးကို စောင့် ထိန်းနေထိုင်သူ ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အံ့ဖွယ်ရှစ်ဖြာသာသနာတော်(၃)ရပ် တိုးတက်စည်ပင် ထွန်းကားပြန့်ပွားစေရန် အလို့ဌာ ဗုဒ္ဓသာသနာတော်အတွက် ရှင်သာမဏေ (၃၀၀)ပါး တို့အား တစ်ဦးတည်း ဒါယိကာခံ၍ ရှင်ပြုပေးခြင်း၊ စာသင်သား သာမဏေ (၃၀)ပါးတို့အားတစ်ဦးတည်း ဒါယိကာခံ၍ ရဟန်ခံပေးပြီး ပစ္စည်းလေးပါးကို ထာ၀ရ ထောက်ပံ့လှူဒါန်းခဲ့ခြင်း၊ ဗုဒ္ဓသာသာနာ ထွန်းကားမှု အားနည်းသော ဒေသများတွင် ဘုရားစေတီပုထိုး သိမ်၊ကျောင်း၊ဇရပ်၊ရေတွင်း၊ရေကန်၊သာသနိက အဆောက်အဦးများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်းမွမ်းမံခြင်း တို့အတွက် ကျပ်(၁၅၅၇)သိန်းကျော် လှူဒါန်းခဲ့ခြင်း၊ ပရိယတ္တိတက္ကသိုလ်၊ပိရိယတ္တိ စာသင်တိုက် တို့တွင် ပစ္စည်း လေးပါးနှင့် သာသနိကအဆောက်အဦးတို့အတွက် ထာ၀ရငွေပဒေသာပင် ကျပ်(၉၅၁)သိန်းကျော် လှူဒါန်းခဲ့ခြင်း၊ အခြားသာသနာရေးဆိုင်ရာ ကိစ္စများတွင်လည်း လှူဒါန်းငွေကျပ်(၂၄၁၁၂)သိန်းကျော် လှူဒါန်းခဲ့ခြင်း စသဖြင့် ယနေ့အထိ ဗုဒ္ဓသာသနာတော်အတွက် ကျပ်(၂၇၀၀၀)သိန်း ကျော်လှူဒါန်း သာသာနာပြုခဲ့သောကြောင့် ၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ သာသနာ့နုဂ္ဂဟဘွဲ့ဖြစ်သော အဂ္ဂမဟာ သိရီသုဓမ္မမဏိဇောတဓရ ဘွဲ့ကိုရရှိခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဂုဏ်ယူစရာမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် လူငယ်များ၏ ဗလ (၅) တန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရန်နှင့် တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုရေးကဏ္ဍနှင့် သဘာဝဘေးအန္တရယ် များ ကျရောက်လာပါက ပရဟိတစိတ်ဓါတ်ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်။ "