လှူဒါန်းမှုများ
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် ငလျင်ဒဏ်သင့် နေရာများအား သွားရောက်လှူဒါန်းခြင်း
(1-4-2025) ရက်နေ့တွင် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၊ တိုက်အမှတ် (၁၃၇၅)၊ တိုက်အမှတ် (၅၃၀၂) နှင့် တိုက် အမှတ် (၅၃၀၈) ရှိ ငလျင်ဘေးသင့်ပြည်သူ (၂၄၀) ဦးခန့်တို့၏ လျှပ်စစ်ပစ္စည်းများ အားသွင်းရန် အတွက် လျှပ်စစ်ဓါတ်အားများ သွားရောက်လှူဒါန်းခဲ့ပါသည်။
(2-4-2025) ရက်နေ့တွင် နည်းပညာတက္ကသိုလ်(နေပြည်တော်)၊ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းနှင့် ပျဥ်းမနားမြို့ရှိ ငလျင်ဘေးသင့်ပြည်သူများထံသို့ ကြက်ဆီထမင်းများ၊ ရေသန့်ဘူးများနှင့်ပေါင်မုန့်များကို သွားရောက်လှူဒါန်းခဲ့ပါသည်။
(3-4-2025) ရက်နေ့တွင် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံ(နေပြည်တော်)၊ ကုတင် (၅၀) ပြည်သူ့ဆေးရုံ(နေပြည်တော်) နှင့်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း (နေပြည် တော်) ရှိ ငလျင်ဘေးသင့်ပြည်သူများထံသို့ ကြက်ဆီထမင်းများ၊ ရေသန့်ဘူးများ၊ ပေါင်မုန့်များ၊ Royal-D ဘူးများ၊ Royal-D အထုပ်များနှင့် အဝတ်အထည်များကို သွားရောက်လှူဒါန်းခဲ့ပါသည်။
(4-4-2025) ရက်နေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(နေပြည်တော်)သို့ အလှူငွေ (၁၀)သိန်းကျပ် ချမ်းမြသုခ ပရဟိတလူမှုကူညီရေးအသင်း(မန္တလေး)သို့ အလှူငွေ (၁၀) သိန်း ကျပ် သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)သို့ အလှူငွေ (၁၀) သိန်းကျပ်တို့ကို လှူဒါန်းခဲ့ပါ သည်။
(5-4-2025) ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်ရုံး(နေပြည်တော်)ရှိ ငလျင်ဘေးသင့်ပြည်သူများ ထံသို့ Royal-Dဘူးများ၊ရေသန့်ဘူးများနှင့် မာမားခေါက်ဆွဲခြောက်များကို သွားရောက်လှူဒါန်းခဲ့ ပါသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) အနေဖြင့် စစ်ကိုင်း၊ မန္တလေး နှင့်နေပြည်တော်၊ ပျဉ်းမနားမြို့များရှိ ငလျင်ဒဏ်သင့် ပြည်သူများထံသို့တတ်အားသရွေ့ ပါဝင်ကူညီ လှူဒါန်းထားပါ ကြောင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင်လည်း ဆက်လက်ပါဝင်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပါဝင်လှူဒါန်းကူညီပေးကြသော အလှူရှင်များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
မြန်မာနိုင်ငံသူ ၊ နိုင်ငံသားများ အားလုံး ကျန်းမာချမ်းသာကြပြီး ဘေးအန္တရာယ်အပေါင်းကင်းဝေး ကြပါစေကြောင်း မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) မှ ဆုမွန်ကောင်းတောင်းအပ် ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "