inner-new-banner-02

လှူဒါန်းမှုများ

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် ငလျင်ဘေးဒဏ်သင့် ပြည်သူများထံသို့ သွားရောက်လှူဒါန်းခြင်း

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် ငလျင်ဘေးသင့် ဒေသများရှိ ပြည်သူများထံသို့ အလှူရှင်များ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် တတ်အားသရွေ့ လိုအပ်သည်များကို ပါဝင် ဆောင်ရွက် လှူဒါန်းလျက်ရှိပါသည်။

(12-4-2025) ရက်နေ့တွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ဘောလုံးကွင်းရှိ ယာယီဆေးရုံတွင် ဆေးကုသမှုခံယူနေသော ငလျင် ဘေးဒဏ်သင့်လူနာ (86) ဦးအား တစ်ဦးလျှင် အလှူငွေ (50000) ကျပ်၊ ပျဥ်းမနားမြို့နယ်ကုတင် (200) ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ငလျင် ဘေးဒဏ်သင့်လူနာ (35) ဦးအား တစ်ဦးလျှင် အလှူငွေ (50000) ကျပ်၊ ဒက္ခိဏသီရိမြို့နယ် ကျောက်မျက်ဝန်းရှိ ယာယီသားဖွား မီးယပ်အထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လူနာ (39) ဦးအား တစ်ဦးလျှင် အလှူငွေ (50000) ကျပ်၊ နေပြည်တော်ကောင်စီသို့ Royal D အားဖြည့်အချိုရည်နှင့် အသင့်စား မားမားခေါက်ဆွဲခြောက်အား ထပ်မံသွားရောက်လှူဒါန်းခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

mmyda.1996@gmail.com kyawzwar63@gmail.com

Monday – Friday | 8am – 5pm