inner-new-banner-02

လှူဒါန်းမှုများ

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ကျောင်းသုံးပစ္စည်းများ ဆက်လက်သွားရောက် လှူဒါန်းခဲ့ခြင်း

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာကျောင်းများအားကျောင်းသုံးပစ္စည်းများ ဆက်လက် လှူဒါန်းလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့တွင် ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်း ကျေးရွာအုပ်စု၊ အခြေခံပညာ အလယ်တန်းကျောင်း(ရေလယ်ကျွန်း)သို့ ခဲတံကဒ် (၁၅) ကဒ် ကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာ အုပ်စု၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းသို့ ကျောပိုးအိတ် (၉၅) လုံး၊ ခဲတံကဒ် (၅၀) ကဒ်၊ ကွန်ပါဗူး (၁၅) ဗူးနှင့် ဗလာစာအုပ် (၁၅) ဒါဇင်တို့ကို အသင်းတာ၀န်ရှိသူများက ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm