inner-new-banner-02

သတင်းများ

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ လူငယ်ကိုယ်စားလှယ်များဖြစ်ကြသည့် မောင်ကျော်ဆန်းလင်းနှင့်မအိဇင်ဖြိုးတို့သည် အိန္ဒိယနိုင်ငံ မဟာပရာဒေ့ရှ်၌ မတ်လ (၁၇)ရက်မှ (၂၃)ရက်နေ့အထိ ကျင်းပသည့် BIMSTEC Youth Cultural Heritage and Sustainability Immersion Program သို့ တက်ရောက်ခဲ့ကြပါသည်။

(17-3-2026)ရက်နေ့ မွန်းတည့်ပိုင်းတွင် အိန္ဒိယနိုင်ငံ Bhopal မြို့သို့ Bangkok, New Delhiမှတစ်ဆင့် ရောက်ရှိကြပြီး ညနေပိုင်းတွင် Ice Breaking and Intergration Session ပြုလုပ်ခဲ့ကာ Opening Ceremonyသို့ တက်ရောက်ခဲ့ပါသည်။ ညပိုင်းတွင် အိန္ဒိယနိုင်ငံ၏ ဂုဏ်ထူးဆောင် ဝန်ကြီးချုပ် Narendra Modi၏ ဖိတ်ကြားချက်အရ ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ကြပြီး ဂုဏ်ပြုလက်မှတ်များ လက်ခံရရှိခဲ့ပါသည်။

(18-3-2026)ရက်နေ့တွင် Bopal မြို့ရှိ သမိုင်းဝင်နေရာများသို့ သွားရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ညပိုင်းတွင် Intercultural Session သို့ တက်ရောက်ခဲ့ကာ India အကအလှများကို လေ့လာခံစားခဲ့ကြပါသည်။

(19-3-2026)ရက်နေ့တွင် Bhopal မှ Pachmarhiသို့ ခရီးဆက်ခဲ့ကြပြီး National Training Center သို့ ညနေပိုင်းတွင် ရောက်ရှိကာ Socail Night ကို participants 80 ဖြင့် ဖြတ်သန်းခဲ့ကြပါသည်။

(20-3-2026)ရက်နေ့တွင် တောတွင်း Adventure များ ပြုလုပ်ခဲ့ပြီး Bee Fallနှင့် Sunset Point များသို့ သွားရောက်ကာ Ecotourism Initiatives များကို လေ့လာခဲ့ပါသည်။

(21-3-2026)ရက်နေ့တွင် Premium Advanture Activities များကို ပြုလုပ်ခဲ့ပြီး တောတွင်း Camping အစီအစဉ်များဖြင့် ဖြတ်သန်းခဲ့ကြပါသည်။

(22-3-2026)ရက်နေ့တွင် တောတွင်း ခရီးကြမ်းနှင်ခြင်း၊ Local Communitiesများကို ကျေးရွာများအထိ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် Closing Ceremony ပြုလုပ်ခဲ့ရာ အသင်းဝင် မောင်ကျော်ဆန်းလင်းမှ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် experience များကို တင်ပြခြင်း၊ BIMSTC နှင့် မိမိနိုင်ငံအတွက် long-term commitment နှင့် ပတ်သတ်သည့် presentation များ ပြုလုပ်ခဲ့ပါသည်။

ထို့နောက် BIMSTEC အဖွဲ့သို့ ဂုဏ်ပြု ပန်းချီကားချပ်များ ပေးအပ်ခဲ့ပြီး ဂုဏ်ပြုဆုလက်ဆောင် များကိုလည်း ပြန်လည်ရရှိခဲ့ပါသည်။

ညပိုင်းတွင် International Night ပြုလုပ်ခဲ့ရာ အသင်းကိုယ်စားပြု မအိဇင်ဖြိုးမှ မြန်မာနိုင်ငံ ကိုယ်စားပြု အလံကိုင်ဆောင်ခြင်းနှင့် မီးတုတ်သယ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် BIMSTEC အသင်းဝင်နိုင်ငံများမှ အကအလှများဖြင့် ဧည့်ခံခဲ့ကြပါသည်။

ထို့နောက် (23-3-2026)ရက်နေ့ မနက်ပိုင်းတွင် Bhopal မြို့သို့ ပြန်လည်ထွက်ခွါလာရာ ညနေပိုင်းလေယာဉ်ဖြင့် New Delhi- Bangkok မှတစ်ဆင့် မြန်မာနိုင်ငံသို့ (24-3-2026)ရက်နေ့ မနက် (၁၀)နာရီခွဲခန့်ဝန်းကျင်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဥ်ဆက်မပြတ်ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးလျှက်ရှိသကဲ့သို့ နိုင်ငံအတွင်းတွင် သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီပါဝင် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm