သတင်းများ
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ၊ အကြီးတန်းအကြံပေး ဦးစည်သူ ၊ဗဟိုအလုပ်အမှုဆောင်ဦးခန့်မင်းသျှင် ၊ ဦးဟန်ထွန်းဦးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ သည် ယနေ့ (၁၁-၄-၂၀၂၆)ရက်နေ့ နံနက် (၉)နာရီတွင် ရန်ကုန်အဝေးသင်တက္ကသိုလ် အစည်းအဝေး ခန်းမ (၁)၌ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ရန်ကုန်အဝေးသင်တက္ကသိုလ်အတွက် သင်ကြားရေးအထောက်အကူပြု Lenovo V15 G4 IRU Laptop(၅)လုံး (တန်ဖိုးကျပ်..၁၅၅သိန်း) လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
ရန်ကုန်၊ ဧပြီ ၁၁
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ၊ အကြီးတန်းအကြံပေး ဦးစည်သူ ၊ဗဟိုအလုပ်အမှုဆောင်ဦးခန့်မင်းသျှင် ၊ ဦးဟန်ထွန်းဦးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ သည် ယနေ့ (၁၁-၄-၂၀၂၆)ရက်နေ့ နံနက် (၉)နာရီတွင် ရန်ကုန်အဝေးသင်တက္ကသိုလ် အစည်းအဝေး ခန်းမ (၁)၌ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ရန်ကုန်အဝေးသင်တက္ကသိုလ်အတွက် သင်ကြားရေးအထောက်အကူပြု Lenovo V15 G4 IRU Laptop(၅)လုံး (တန်ဖိုးကျပ်..၁၅၅သိန်း) လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
အစီအစဥ် (၁)အရ အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာပြီးသည့်နောက်တွင် အစီအစဥ် (၂)အရ ရန်ကုန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနုနုရီမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်က ရန်ကုန် အဝေးသင်တက္ကသိုလ်အတွက် သင်ကြားရေးအထောက်အကူပြု Laptopများလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ အကြီးတန်းအကြံပေးဖြစ်သူ ဦးစည်သူမှ ရှင်းလင်းပြောကြားရာတွင် မိမိတို့အသင်းအနေဖြင့် နှစ်စဥ်နှစ်တိုင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော International Youth Day အခမ်းအနားများတွင်လည်း ပူးပေါင်းပါဝင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ International Youth Conference ကဲ့သို့သောအခမ်းအနား များပြုလုပ်ရန် လျာထားလျှက်ရှိပါကြောင်း ၊ ထိုအစီအစဥ်၌ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကျောင်းသား/သူများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ပါကြောင်းဆွေးနွေးခဲ့ပါသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် (MYDA)တို့ MOUထိုးရေးကိစ္စများ ၊ လူငယ်များအတွက် Workshopများကျင်းပပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများ၏ခွင့်ပြုချက်၊ ပူးပေါင်းပါဝင်မှုများဖြင့်ဆက်လက် ဆောင်ရွက်သွားမည့်ကိစ္စများအပါအဝင် နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၃၀/၂၀၂၆ ဖြင့် ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တွင်လည်း ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနုနုရီနှင့် ဆရာမကြီး ဒေါက်တာတင်ဌေးအိတို့အား နိုင်ငံတော်သမ္မတမှ အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်အဝေးသင်တက္ကသိုလ်အတွက် သင်ကြားရေးအထောက်အကူပြု Laptopများအား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ တာဝန်ရှိပုဂ္ဂိုလ်များက ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ် ဒေါက်တာနုနုရီနှင့်ပညာရေးအဖွဲ့မှလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ပန်းချီကားများအား ပါမောက္ခချုပ်ဒေါက်တာနုနုရီနှင့် ဒုတိယပါမောက္ခချုပ်များက မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)တာဝန်ရှိသူများထံသို့ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထိုအစီအစဥ်အပြီးတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး နေ့လည် (၁၀:၃၀)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲအခမ်းအနားသို့ ရန်ကုန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနုနုရီ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသော ဒေါက်တာအိအိဟန် (စီမံ/ဘဏ္ဍာ) ၊ ဒေါက်တာသီတာထွေးဝင်း (သင်တန်းရေးရာ) ၊ ဒေါက်တာဋ္ဌေးဋ္ဌေး(သုတေသန)နှင့် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာတင်ဋ္ဌေးအိ ၊ ဒေါက်တာသီသီလွင်နှင့် သက်ဆိုင်ရာဘာသာရပ်အသီးသီးတို့၏ ပါမောက္ခ(ဌာနမှူး)ဆရာမကြီးများ၊ ဌာနမှူးများဖြစ်ကြသော ဒေါ်နုနုဝင်း(သုတေသနနှင့်ဖွံ့ဖြိုးရေး ဌာန) ၊ဦးသန်းစိန် (သင်တန်းရေးရာဌာန) ၊ ဦးသန်းလှိုင်(စီမံ/ဘဏ္ဍာဌာန)တို့ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

