သတင်းများ
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် “(ရွာသစ်မြောက်) အခြေခံပညာ မူလတန်းကျောင်း” တွင် ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် ပေါင်းသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်း
ဧရာဝတီ ၊ မေ ၁၉
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) (ဧရာဝတီတိုင်းဒေသကြီး)၏ ကျောင်းဖွင့် ရာသီအကြိုလှုပ်ရှားမှုအဖြစ် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် “(ရွာသစ်မြောက်) အခြေခံပညာ မူလတန်းကျောင်း” တွင် ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် ပေါင်းသတ်ဆေးဖြန်းခြင်းများကို (၁၉ – ၅ – ၂၀၂၆) အင်္ဂါနေ့ မနက်ပိုင်းက မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဗဟိုအလုပ်အမှု ဆောင်၊ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်ဆန်းဝင်းနှင့်အဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြပါ သည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)သည် မြန်မာလူငယ်များ၏ “ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ” ဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများတွင်အစွမ်းကုန် ပံ့ပိုးကူညီဆောင်ရွက်ပေးနေရုံသာမက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်သာယာလှပစေရေးလုပ်ငန်းများနှင့် နိုင်ငံတော်အတွင်းတွင် သဘာဝဘေးအန္တရာယ် များကျရောက်လာပါကလည်း အချိန်နှင့်တစ်ပြေးညီ တက်ကြွစွာပါဝင်ကူညီဆောင်ရွက်လျှက် ရှိပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

