inner-new-banner-02

လှူဒါန်းမှုများ

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်းခဲ့ခြင်း

ဧရာဝတီ၊ ဇွန် ၁၇

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)၏ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်ဆန်း၀င်း၊ တိုင်းဒေသကြီး အလုပ်အမှုဆောင် ဦးဖြိုးမင်းသက်နှင့် အသင်း၀င်များ သည် ယနေ့မနက်(၉း၀၀)နာရီအချိန်က ကြံခင်းမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အား
အကောင်အထည်ဖေါ်ဆောင်ရွက်မှုအနေဖြင့် လမင်းစီမံချက်ဖြင့်ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကဒ်များ One Stop Servic ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှူ အားပေးခဲ့ပါသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးထွန်းထံသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း(ဗဟို)မှ လှူဒါန်းသော ဗလာစာအုပ် (၁၂) ဒါဇင်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး(MYDA)တာဝန်ခံ ဦးအောင်ဆန်းဝင်း၊ တိုင်းဒေသကြီး အလုပ်အမှုဆောင် ဦးဖြိုးမင်းသက်နှင့် အသင်း၀င်များသည် ကြံခင်းမြို့နယ်၊ ချင်းမြောင် ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း(ဘုရားနီတောင်)သို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလွင်နှင့် တွေ့ဆုံကာ အမှန်တကယ် လိုအပ်လျှက်ရှိသော ကျောင်းသား/သူများထံသို့ ဗလာစာအုပ် (၁၀) ဒါဇင်အား တစ်ဦးချင်းပေးအပ် လှူဒါန်းခဲ့ပါ သည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဥ်ဆက်မပြတ် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးလျှက်ရှိသကဲ့သို့ နိုင်ငံအတွင်းတွင် သဘာဝဘေး အန္တရာယ်များကျရောက်လာပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ကူညီပါဝင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm