inner-new-banner-02

သတင်းများ

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှလူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနသို့သွားရောက်တွေ့ဆုံခဲ့ခြင်း

ရန်ကုန် ၊ ဇွန် ၁၇

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဒုတိယ ဥက္ကဋ္ဌ(၃)၊ ဦးခန့်မင်းသျှင်နှင့် ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်များဖြစ်ကြသော ဦးသန့်သီဟန်ဇော်၊ ဦးသူမြတ်ထွန်းနှင့် ဦးအောင်မင်းပိုင်တို့သည် ယနေ့ (၁၇ – ၆ – ၂၀၂၆) ရက်နေ့တွင် လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာစောနှင့်သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ ဖွဲ့စည်းတည်ထောင်ထားရှိမှု၊ ရည်ရွယ်ချက်များနှင့် နောင်လာမည့်ကာလတွင် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ပြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း အနေဖြင့် မည်သို့ပူးပေါင်းကူညီဆောင်ရွက်နိုင်မည်ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါ သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာစောမှ (MYDA)၏ အသင်းဝင်အင်အားတိုးချဲ့ရေးလုပ်ငန်းများတွင် လိုအပ်သည့် ပံ့ပိုးကူညီမှုများနှင့် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး နောင်ကာလများတွင် ရန်ကုန် တိုင်းဒေသကြီး၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ လှုပ်ရှားမှုများနှင့် အစီအစဉ်များ တွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုသည် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်းနှင့် လူငယ်ရေးရာဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး)တို့အကြား ပူးပေါင်းဆောင်ရွက်မှု နှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် လူငယ်ကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်စေရန်အတွက် အထောက်အကူဖြစ်စေခဲ့ပြီး အကျိုးရှိသော တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ဖြစ်ခဲ့ပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm