သတင်းများ
ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင် ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာညိုညိုလွင်တို့နှင့်တွေ့ဆုံခဲ့ခြင်း
ရန်ကုန် ၊ မတ် ၂၃
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ၊ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ထွန်းဦးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့ (၂၃-၃-၂၀၂၆)ရက်နေ့ မနက်(၁၁)နာရီခန့်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ ရောက်ရှိပြီး ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင် ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာညိုညိုလွင်တို့နှင့်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပညာရေးဝန်ကြီးဌာန၏ ၂၀၂၅ခုနှစ် ၊ စက်တင်ဘာ ၄ ရက်နေ့ရက်စွဲပါ စာအမှတ် မူဝါဒ(ထူးချွန်ဆု) ၁၆၃၇/၂၀၂၅(၁၀၃၈၄)ဖြင့် ခွင့်ပြုချက်အရ ရန်ကုန်ပညာရေးတက္ကသိုလ်ထူးချွန်ဆု ၊ပထမနှစ်မှ ပဥ္စမနှစ်အထိထူးချွန်ကျောင်းသူ/သား (၅)ဦးအား ဆုချီးမြှင့်နိုင်ရေးကိစ္စရပ်များ ၊ ကျောင်းသူ/သားများအတွက်လိုအပ်သော သင်ထောက်ကူပစ္စည်းများနှင့် အရည်အသွေးမြှင့်သင်တန်းများ ၊ လူငယ်များအတွက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စများ ၊ နိုင်ငံခြားသို့ ထူးချွန်လူငယ်များစေလွှတ်နိုင်ရေးကိစ္စရပ်များတွင်လည်း ရန်ကုန်ပညာရေးတက္ကသိုလ်မှပါဝင်သွားနိုင်စေရေးကိစ္စများနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးသင်တန်းများ ဖွင့်လှစ်သွားနိုင်ရန်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

