သတင်းများ
ရန်ကုန်၊ ဇွန် ၁၆
အဆိုပါအခမ်းအနားသို့ ရန်ကုန်အဝေးသင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ သီတာဋ္ဌေးဝင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွေးထွေးနှင့် ဆရာ/မများ၊ မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ ဒုတိယဥက္ကဋ္ဌ (၃) ဦးခန့်မင်းသျှင်၊ ဗဟိုအလုပ်အမှု ဆောင် ဦးကျော်စွာမင်းသိန်း၊ ဦးကျော်ကျော်လတ်၊ တိုင်းဒေသကြီးအလုပ်အမှုဆောင် ဦးသူမြတ်ထွန်း၊ ဦးအောင်မင်းမြတ်နှင့် အလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာသီတာဋ္ဌေးဝင်းမှ ပြောကြားရာတွင် “ယခုကျင်းပပြုလုပ်မည့် Workshopအား နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသား/သူ (၁၅၀) ဦးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးကော်မတီများ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ (MYDA)မှလည်း Special List (၂) ဦး ဟောပြောဆွေးနွေးပေးစေလိုကြောင်း” ဆွေးနွေး ပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာထွေးထွေးမှလည်း အဆိုပါအခမ်းအနားတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှလည်း Special List (၂) ဦးလည်း ဟောပြော ဆွေးနွေးမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
အဆိုပါ Workshopတွင် လူငယ်များအတွက်လိုအပ်သော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု များ၊ အလုပ်ခွင်တွင်လိုအပ်သည့် အခြေခံကျွမ်းကျင်မှုများကိုလည်း လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ပြီး ပါဝင်တက်ရောက်လာသူများအတွက် အသိပညာနှင့် အတွေ့အကြုံ ကောင်းများရရှိစေရန်ဆွေးနွေးပွဲများနှင့် လက်တွေ့လေ့ကျင့်ခန်းများကိုလည်း ထည့်သွင်း ဆောင်ရွက်သွားပါမည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏အရည်အချင်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများမြှင့်တင်နိုင်ရေးအတွက် အလားတူ အစီ အစဥ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

