လှူဒါန်းမှုများ
ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ Voter Education for Youth အသိပညာပေး ဟောပြောပွဲများတွင် အသုံးပြုရန် ပရိုဂျက်တာ လှူဒါန်းခြင်း
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် မြန်မာလူငယ်များ ရွေးကောက်ပွဲ ဆိုင်ရာ ဗဟုသုတများ တိုးပွားရရှိစေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးအစီအစဉ်များအား လူငယ်ထုအတွင်းပိုမိုသိရှိနိုင်စေရန် အတူတစ်ကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ပူးပေါင်းဆောင်ရွက်မှု၏ တစိတ်တဒေသ အဖြစ် ရှမ်းပြည်နယ်(မြောက်) ပိုင်းရှိ Voter Education for Youth အသိပညာပေး ဟောပြောပွဲများတွင် အသုံးပြုရန်အတွက် ပရိုဂျက်တာ(၁) လုံး ပါဝင် လှူဒါန်းခဲ့ပါသည်။
ထိုသို့ပူးပေါင်းဆောင်ရွက်မှု၏ တစိတ်တဒေသ အဖြစ် ရှမ်းပြည်နယ်(မြောက်) ပိုင်းရှိ Voter Education for Youth အသိပညာပေး ဟောပြောပွဲများတွင် အသုံးပြုရန်အတွက် ပရိုဂျက်တာ(၁) လုံး ပါဝင် လှူဒါန်းခဲ့ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

