inner-new-banner-02

သတင်းများ

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆”

မန္တလေး၊ ဇန်နဝါရီလ ၃၀

နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန – ၁ (MICC-1) ၌ (၁၃-၁-၂၀၂၆) မှ (၁၅-၁-၂၀၂၆) အထိ ကျင်းပပြုလုပ်ခဲ့သော “လူငယ်ငြိမ်းချမ်း ရေးဖိုရမ် ၂၀၂၆” အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ (၃၀-၁-၂၀၂၆) တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်၌ မနက် (၉:၀၀) နာရီမှ နေ့လည် (၁၁:၃၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်တင်မိုးသူဇာနှင့် ဒုတိယပါမောက္ခချုပ်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ရတနာပုံတက္ကသိုလ်မှ ဆရာ/မများ၊ မန္တလေးတိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်အဖွဲ့မှ ရတနာပုံတက္ကသိုလ်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ အခမ်းအနားစတင်ကြောင်းကြေညာပြီးသည့်နောက်တွင် နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရတနာပုံတက္ကသိုလ်စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များအား ပေးအပ်လှူဒါန်းခဲ့ရာ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်တင်မိုးသူဇာမှ လက်ခံရယူခဲ့ပါ သည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားခဲ့ပြီး ရတနာပုံတက္ကသိုလ်သို့ အားကစားပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ် ဦးဝင်းနိုင်က လက်ခံရယူခဲ့ပါသည်။
ထို့နောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆တွင်ဆောင်ရွက်ခဲ့မှု Video Clip အားပြသခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့မှ ရတနာပုံတက္ကသိုလ် ကျောင်းသား/ သူများနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆အတွေ့အကြုံဆွေးနွေးပွဲစကားဝိုင်းအား ကျင်းပခဲ့ ပါသည်။

စကားဝိုင်းဆွေးနွေးပွဲပြီးသည့်နောက်တွင် ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်တင်မိုးသူဇာ မှ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အတွေ့အကြုံဆွေးနွေးပေးသော လူငယ်ကိုယ်စားလှယ် များအား အမှတ်တရလက်ဆောင်များနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှလည်း အမှတ်တရလက်ဆောင်အဖြစ် T-Shirt များကိုပေးအပ်ခဲ့ပါသည်။

အမှတ်တရလက်ဆောင်များပေးအပ်ခြင်း အစီအစဥ်ပြီးသည့်နောက်တွင် ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်တင်မိုးသူဇာမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး နေ့လည် (၁၁:၃၀) အချိန်တွင် အခမ်းအနားပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm