သတင်းများ
လူငယ်စကားဝိုင်းအခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တက်ရောက်ခဲ့ခြင်း
ပထမဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က လူငယ်များနှင့် Vape အန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ရှောင်ကျဥ်ရမည့်အချက်အလက်များကို ပြောကြားခဲ့ပါသည်။
ဒုတိယပိုင်းအစီအစဥ်အဖြစ် “လူငယ်များနှင့် Vapeအန္တရာယ်” ခေါင်းစဥ်ဖြင့် လူငယ် စကားဝိုင်းအား ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ် ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး Naypyitaw State Academy မှ ကျောင်းသား/သူများက ပါဝင်ဆွေးနွေးခဲ့ကြ ပါသည်။
ထို့နောက် တက်ရောက်လာကြသော လူငယ်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြကာ အမှတ်တရလက်ဆောင်များ ပေးအပ် ချီးမြှင့်ခြင်း အစီအစဥ်အတွက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဦးရဲရင့်က ပါဝင်၍ဆုချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားကို ညနေ(၄:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ကြပါသည်။
Photo Credit to Ministry of Sports and Youth Affairs Myanmar
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

