inner-banner-01

သတင်းများ

(၂၀-၈-၂၀၂၃)

အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးစင်တာ (Jice)တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုအစီအစဉ်ဖြင့် ၂၀၂၃ အောက်တိုဘာလမှ၂၀၂၄ ဇန်နဝါရီလထိဆောင်ရွက်သွားမည့် အာဆီယံစေတနာ့၀န်ထမ်းအစီအစဉ်တွင်ပါ၀င်ဆောင်ရွက်နိုင်ရန် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အသက် ၁၈ နှစ်မှ ၃၀ နှစ်အကြား အင်္ဂလိပ်စကား ကျွမ်းကျင်စွာပြောဆိုနိုင်သူ လူငယ် ၃ ဦးစာရင်းအား ပေးပို့ရမည်ဖြစ်ပါသည်။ အဆိုပါ၃ဦးအနက်မှ အားကစားနှင့် လူငယ်ရေးရာ၀န်ကြီးဌာနမှ သတ်မှတ်ထားသည့်စံချိန်စံညွှန်းကိုက်ညီသူ(၁)ဦးအား ရွေးချယ်စေလွှတ်သွားမည်ဖြစ်ပါသည်။
ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်လျှော့ပေါ့ရေးနှင့်ကြိုတင်ပြင်ဆင်ရေးခေါင်းစဉ်ဖြင့် အာဆီယံနိုင်ငံများထဲမှမိမိတို့တာ၀န်ယူဆောင်ရွက်ရမည့်နိုင်ငံသို့ရက်ပေါင်း၂၂ရက်ကြာသွားရောက်ဆောင်ရွက်ရမှာဖြစ်ပါသည်။
စိတ်ပါ၀င်စားသည့်လူငယ်များ လျှောက်ထားနိုင်ပါသည်။
လျှောက်ထားလာသည့်လူငယ်များထဲမှ၃ဦးရွေးချယ်ပေးမှာဖြစ်ပါသည်။
လျှောက်ထားလိုသူများ page messengerမှလည်းလျှောက်ထားနိုင်ပါသည်။
၂၄.၈.၂၀၂၃ရက်နေ့တွင် MYDAအသင်းဥက္ကဌနှင့်တာ၀န်ရှိသူများကzoom metting ဖြင့် ရွေးချယ်သွားမှာဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက
99420733504သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် လူငယ်များ၏ ဗလ (၅) တန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရန်နှင့် တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုရေးကဏ္ဍနှင့် သဘာဝဘေးအန္တရယ် များ ကျရောက်လာပါက ပရဟိတစိတ်ဓါတ်ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်။ "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09420733504

myanmaryda@gmail.com

Monday – Friday | 8am – 5pm