inner-new-banner-02

လှူဒါန်းမှုများ

အင်းလေးဒေသရှိငလျင်ဒဏ်သင့် ပြည်သူများထံသို့ သွားရောက်လှူဒါန်းခြင်း

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ဆန်းဝင်း နှင့် ပရဟိတအဖွဲ့ဝင်များသည် (၂၈-၄-၂၀၂၅) ရက်နေ့တွင် အင်းလေးဒေသ ကေလာရွာရှိ နေအိမ်များပြိုကျပျက်စီးသွားသော အိမ်ထောင်စု (၅) စုအား တစ်အိမ်ထောင်လျှင် ကူညီထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-) ကျပ် နှင့် လူသုံးကုန်ပစ္စည်းများအားလှူဒါန်းခဲ့ပြီး မိဘနှစ်ပါး အသက်ဆုံးရှုံးကာ ခိုကိုးရာမဲ့သွားသော သား/သမီးငယ် သုံးဦးအားလည်း ကူညီထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-) ကျပ် တို့ကိုသွားရောက်လှူဒါန်းခဲ့ပါသည်။

ထို့နောက် အင်းလေးဒေသ နန်းပန်မြို့ဓမ္မာရုံတွင်ခိုလှုံနေသော ငလျင်ဘေးဒဏ်သင့် ပြည်သူများ ထဲမှ အသက် (၇၀) နှင့်အထက် အဖိုး/အဖွား (၂၀) ဦးအား တစ်ဦးလျှင် ကူညီလှူဒါန်းငွေ (၅၀,၀၀ဝိ/-) ကျပ် နှင့်လူသုံးကုန်ပစ္စည်းများအား ထောက်ပံ့လှူဒါန်းခဲ့ပြီး ပေါက်ပါးရွာတွင်လည်း အိမ်ငယ်တစ်လုံးဆောက်လုပ်ရန်အတွက် အလှူငွေ (၅,၃၀၀,၀၀ဝိ/-) ကျပ်ကို နယ်မြေ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

mmyda.1996@gmail.com kyawzwar63@gmail.com

Monday – Friday | 8am – 5pm