inner-new-banner-02

သတင်းများ

အာဆီယံ – ကိုးရီးယား လူငယ်ကွန်ယက်အလုပ် ရုံဆွေးနွေးပွဲ (2026 ASEAN – Korea Youth Network Workshop) သို့သွားရောက်ရန် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) မှ ထူးချွန်လူငယ်တစ်ဦးရွေးချယ်ခံရခြင်း

နေပြည်တော် မေ၊ ၆

ကိုးရီးယားသမ္မတနိုင်ငံနှင့်ဘရူနိုင်းနိုင်ငံတိုတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ ဇူလှိုင် (၁) ရက်နေ့အထိ Empowering ASEAN – Korea Youth:Digital Innovation for Inclusive Development ခေါင်းစဥ်ဖြင့်ကျင်းပပြုလုပ်မည့် အာဆီယံ – ကိုးရီးယား လူငယ်ကွန်ယက်အလုပ် ရုံဆွေးနွေးပွဲ (2026 ASEAN – Korea Youth Network Workshop)သို့ ပါဝင်တက်ရောက်ဆွေး နွေးရန်အတွက် မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း၏အသင်းဝင်လူငယ်တစ်ဦးဖြစ်သော မအိဇင်ဖြိုး ရွေးချယ်ခြင်းခံရသည့်အတွက် အသင်းကြီးအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိ ပါသည်။

မြန်မာလူငယ်ဖွံဖြိုးတိုးတက်အသင်း (MYDA) အနေဖြင့်လည်းဂုဏ်ပြုချီးမြင့်ငွေကျပ် လေးသိန်း အားပံ့ပိုးကူညီပေးခဲ့ပါသည်။

နောင်လာမည့်အနာဂတ်တွင်လည်း နိုင်ငံတော်၏အကျိုးနှင့် အသင်းကြီး၏အကျိုးကို ပိုမို၍ပါဝင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm