သတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလှုပ်ရှားမှု” အခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ တက်ရောက်ခဲ့ခြင်း
ဧရာဝတီ ၊ မေ ၂၄
(၂၄-၅-၂၀၂၆) ရက်နေ့၊ မနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော “စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလှုပ်ရှားမှု” အခမ်းအနားသို့ မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဗဟိုအလုပ်အမှုဆောင် (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်ဆန်း၀င်း တက်ရောက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါ အခမ်းအနား အပြီးတွင် “ကဗျာရွတ်ပြိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲ” အားဆက်လက်ကျင်းပခဲ့ပြီး မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၊ ဗဟိုအလုပ်အမှုဆောင် (တိုင်းဒေသကြီးတာဝန်ခံ)မှ ကျောင်းသား/သူများအားဆုများချီးမြှင့်ခဲ့ပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

