လှူဒါန်းမှုများ
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ(၄)ရက်
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ(၄)ရက် လွတ်လပ်ရေးနေ့ နံနက်ပိုင်းတွင် မြန်အောင်ခရိုင်၊ကြံခင်းမြို့ “ကုန်းမြင့်သာယာ ဘိုးဘွားရိပ်သာ နှင့် ကမ္မဌာန်းရိပ်သာ၌…မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) ဧရာ၀တီတိုင်းဒေသကြီး တာ၀န်ခံ၊ကုန်းမြင့်သာယာဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့-တွဲဘက်အတွင်းရေးမှူး ဦးအောင်ဆန်း၀င်း မိသားစု မှ တစ်နေ့တာ အဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "