inner-new-banner-02

လှူဒါန်းမှုများ

(၆-၆-၂၀၂၃)

မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင်သည် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နေ ဝစီပိတ်ဆရာတော်ဘုရားကြီး၊ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်အဆင့်အကြီးအကဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် လွိုင်မွေမြို့ အထက်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကွန်ပါဘူး နှင့် စားစရာများကို သွားရောက် လှူဒါန်းခဲ့ပါသည်။ ယင်းနောက် အဖွဲ့ဝင်များသည် လွိုင်မွေမြို့ စတုရဌသုမင်္ဂလစေတီမြတ်ကြီးအား ဖူးမျှော်ကြည်ညိုခဲ့ပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ပါသည်။

ယနေ့လှူဒါန်းမှုမှာ ဗလာစာအုပ် ဒါဇင် နှစ်ထောင်၊ ခဲတံ၊ဘောလ်ပင်၊ ခဲဖျက်၊ ခဲချွန်စက်၊ Mကွန်ပါဗူး စသည့် စာရေးကိရိယာများ ( ခန့်မှန်းတန်ဖိုး – သိန်း၂၈၀) ကိုလှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

mmyda.1996@gmail.com kyawzwar63@gmail.com

Monday – Friday | 8am – 5pm