သတင်းများ
အသင်းဝင်ကဒ်များ တတိယအကြိမ် ထုတ်ဝေပေးခြင်း
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အသင်းဝင်ဖြစ်ကြောင်း တရားဝင်အသိအမှတ် အမှတ်ပြု Smart Card များအား တတိယအကြိမ်အဖြစ် အသင်းဝင်လူငယ် (၇၂) ဦးအား စိစစ်အတည်ပြုပြီးနောက် ပို့ဆောင်ပေးအပ်ပြီး ဖြစ်ပါသည်။
မိမိတို့၏ အသင်းဝင်ကဒ်များ ရရှိပါက အသင်းဝင်ကဒ်များအား သေချာစွာ စိစစ်ပြီးကွဲလွဲမှု့ ရှိပါက အသင်းသို့ ပြန်လည်ဆက်သွယ်ပေးပါရန်နှင့် ပူးတွဲပါအသင်းဝင်များ၏ တာဝန် ဝတ္တရားနှင့် စည်းကမ်းချက်များကိုလည်း သေချာစွာဖတ်ရှု့လေ့လာပါရန် တိုက်တွန်း အပ်ပါသည်။
ဆက်လက်ပြီး ကျန်ရှိအသင်းဝင်လူငယ်များအား စိစစ်ပြီး ထုတ်ပေးသွားမည်ဖြစ်ပါသည်။
အသင်းဝင်လိုသူများနှင့် အသင်းဝင် Smart Card များ လျှောက်ထားရယူနိုင်ပါသည်။
အသင်းဝင်ကဒ်များထုတ်ပေးခြင်း လုပ်ငန်းစဉ်သည် အရေးကြီးသည့် ကိစ္စရပ် ဖြစ်သည်နှင့် အညီ၊ အသင်းတာဝန်ရှိသူများမှ သေချာစွာစိစစ်ပြီး၊ တည်ဆဲဥပဒေများ၊ အသင်း၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရပါသဖြင့် အချိန်ကာလတစ်ခု လိုအပ်မည်ဖြစ်ပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

