သတင်းများ
“ASEAN Youth Leadership Conference (AYLC)2025” သို့တက်ရောက်ရန် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ထူးချွန်လူငယ်နှစ်ဦးအား စေလွှတ်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏ ဖိတ်ကြားမှုအရ မလေးရှားနိုင်ငံ၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ၂၀၂၅ခုနှစ်၊ အောက်တို ဘာလ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်မည့် “ASEAN Youth Leadership Conference (AYLC)2025” တက်ရောက်ရန် ရွေးချယ်ခြင်းခံရသည့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ ထူးချွန်လူငယ်များ ဖြစ်ကြသော မောင်ရှိုင်းလင်းမောင်မြင့်နှင့် မအိဇင်ဖြိုးတို့နှစ်ဦးအတွက်များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

