သတင်းများ
Japan Youth Summit 2025 သို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ထူးချွန်လူငယ်တစ်ဦး တက်ရောက်ခဲ့ခြင်း
Youth Break the Boundaries (YBB) Foundation မှကြီးမှူး၍ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Japan Youth Summit 2025 သို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း(MYDA)၏ ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေ ပါဝင်တက်ရောက်ခဲ့ပါသည်။
ပထမဆုံးနေ့ ညနေပိုင်းတွင် Welcome Dinner ပြုလုပ်ပြီး Japan Youth Summit ၏ Chairman ဖြစ်သူ Muhammad Aidi Subakti မှ ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး တက်ရောက်လာကြသော လူငယ်များအနက် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်များမှ မိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။
ဒုတိယနေ့တွင် အိုဆာကာမြို့၏ အထင်ကရနေရာများ နှင့် Osaka Expo 2025 သို့ သွားရောက်လေ့လာခဲ့ကြပါသည်။
တတိယနေ့တွင် တက်ရောက်လာသော လူငယ်များမှ Innovate Project Competition အတွက် အဖွဲ့လိုက် ဆက်လက်ယှဉ်ပြိုင်ခြင်း၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDGs) ဖြစ်သည့် Education (SDG 4), Economy (SDG, Industry, Innovation, and Infrastructure (SDG 9), Sustainable Cities and Communities (SDG 11), as well as Climate Action (SDG 13) အစရှိသည့် နယ်ပယ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် Panel Discussionများ ပြုလုပ်ခြင်း၊ Idea Innovation ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
Japan Youth Summit 2025 ၏ နောက်ဆုံးနေ့တွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံများရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)၏ ဘဏ္ဍာရေးမှူးဒေါ်ကြည်စင်ရွှေသည် ထို Japan Youth Summit 2025တွင် Best Idea Innovation (Professional Category) Award နှင့် အဖွဲ့လိုက်ပြိုင်ပွဲတွင် Collaboration of Best Group Award များကို ရရှိခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com