inner-new-banner-02

သတင်းများ

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့ တက်ရောက်ရန် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) မှ ဖိတ်ကြားခံရခြင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များ၏ပါဝင်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ရန်နှင့် အမျိုးသားအဆင့် အားလုံးပါဝင်မှု အခင်းအကျင်းတစ်ရပ်ဖြစ်ပေါ်စေရန်ရည်ရွယ်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ရက်နေ့အထိ ကျင်းပပြုလုပ်မည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) ဖွင့်ပွဲအခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆အခမ်းအနားတွင် ပါဝင်တက်ရောက်ဆွေးနွေးရန်အတွက် ရွေးချယ်ခြင်းခံရသော မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက် ရေးအသင်း(MYDA)၏ အသင်းဝင်လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်ပါ သည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm