inner-new-banner-02

သတင်းများ

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ Youth Peace Forum (2026) သို့ တက်ရောက်ခဲ့ခြင်း (ပထမနေ့)

နေပြည်တော်
ဇန်နဝါရီ ၁၃

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဝင်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတကာသံတမန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည် ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ လေ့လာသူများတို့နှင့်အတူ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် နှင့် အသင်းဝင် လူငယ်ကိုယ်စားလှယ် (၈) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တိုင်းရင်းသားလူငယ်မောင်မယ်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားအား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တိုင်းရင်းသားလူငယ် ၈ ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲ အခမ်းအနားအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး ငြိမ်းချမ်းရေးသစ်ပင်တွင် ငြိမ်းချမ်းရေး နှင့်ပတ်သက်သည့် ဆုတောင်း စာလွှာအား ချိတ်ဆွဲပေးသည်။ ဆက်လက်ပြီး အစီအစဥ်များအား ကျင်းခဲ့ပြီးနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌထံ ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူငယ်မျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး ရာပြည့်က “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” အထိမ်းအမှတ် လက်ဆောင် ပစ္စည်းအား ဂါရဝပြုပေးအပ်သည်။

၎င်းနောက် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” သို့တက်ရောက်လာကြသည့် လူငယ်များကိုယ်စား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)၏ထူးချွန်အသင်းဝင် လူငယ်နှစ်ဦးဖြစ်ကြသည့် နေပြည်တော်ကောင်စီနယ်မြေမှ မောင်ခန့်မြတ်သူနှင့် မန္တလေးတိုင်းဒေသကြီးမှ မရွှန်းမြတ်မွန်ကျော် တို့က အမှတ်တရကျေးဇူးတင် စကားများ ပြောကြားကြပါသည်။

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ကို ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သော လူငယ်များ၏ ဆောင်ရွက်ချက်များအရေးကြီးမှုကို ပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်၍ ဆွေနွေးအဖြေရှာရန်နှင့် လူငယ်များ အတွက် အခွင့်အလမ်းများဖန်တီးပေးရန်၊ ငြိမ်းချမ်းသောအသိုက်အဝန်းများ အပြန်အလှန် ဆက်သွယ် ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍကိုဖော်ထုတ်ရန်၊ တွေ့ဆုံ ဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသော ဆက်သွယ် ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏ စွမ်းရည်များ ပိုမိုခိုင်မာလာစေရေန်၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက် တစ်ရပ်ရေးဆွဲနိုင်ရေးအတွက် အထောက် အပံ့ဖြစ်စေမည့် လူငယ်များ၏ အကြံပြုချက်များ ပေါ်ထွက်လာစေရန်နှင့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” မှပေါ်ထွက်လာသည့် အကြံပြု ချက်များကို စုစည်း၍ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ် ငြိမ်းချမ်းရေး ဆိုင်ရာ ကြေညာစာတမ်းတစ်ရပ်အား ရေးဆွဲတင်ပြရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ကို ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဝင် လူငယ်ကိုယ်စားလှယ်များသည် “လူငယ် ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” တွင် တက်ကြွစွာ ပါဝင်ဆွေးနွေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့်အလွှာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက် သွားမည်ဖြစ်ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm