inner-new-banner-02

သတင်းများ

Youth Peace Forum (2026) သို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) မှ တက်ရောက်ခဲ့ခြင်း (တတိယနေ့)

နေပြည်တော်
ဇန်နဝါရီ ၁၅

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၁(MICC-1) ၌ တတိယနေ့အစီအစဉ်နှင့်ပိတ်ပွဲ အခမ်းအနား အဖြစ် ကျင်းပလျက် ရှိသော လူငယ်ငြိမ်းချမ်းရေးဖိုရမ် (Youth Peace Forum 2026) အခမ်းအနားသို့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
ယနေ့အခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ အသင်းဝင် လူငယ်ကိုယ်စားလှယ် (၈) ဦး ပါဝင်တက်ရောက်လျက်ရှိပါသည်။

ယနေ့အခမ်းအနားတွင် တက်ရောက်လာကြသော လူငယ်ကိုယ်စားလှယ် ၃၂၀ ဦးမှ (အပြာ/ပန်းရောင်/ခရမ်း/အစိမ်း) ဟူသော အစုအဖွဲ့ လေးခုခွဲ၍
(၁) ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေး
(၂) လူမှုရေး၊ပညာရေး၊ယဥ်ကျေးမှုနှင့်အားကစား၊ကျန်းမာရေး၊မူးယစ်
(၃) စီးပွားရေး၊အလုပ်အကိုင်အခွင့်အလမ်းနှင့်စွန့်ဦးတီထွင်မှု
(၄) အိုင်တီ၊ဥာဏ်ရည်တု၊ဆိုက်ဘာ၊လူမှုကွန်ရက် ဟူသော ခေါင်းစဉ်များအသီးသီးဖြင့် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ထူးချွန်ဆုပေးခြင်းအစီအစဥ်တွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ အသင်းဝင်လူငယ်ကိုယ်စားလှယ်များဖြစ်ကြသည့် မရွှန်းမြတ်မွန်ကျော်သည် အစုအဖွဲ့ ၄ တွင်ပါဝင်ဆွေးနွေးခဲ့ပြီး Presentationထူးချွန်ဆုကိုရရှိခဲ့ပါသည်။

မောင်ရဲရင့်သူနှင့်မအိဇင်ဖြိုးတို့သည် အစုအဖွဲ့ (၂)တွင် ပါဝင်ဆွေးနွေးခဲ့ပြီး နှစ်သိမ့်ဆု၊ ပန်းချီပြိုင်ပွဲတွင် မောင်ခန့်မြတ်သူနှင့်အဖွဲ့မှ တတိယဆုနှင့် မနန်းကုမုဒြာစိုးပါဝင်သောအဖွဲ့မှ နှစ်သိမ့်ဆုများအသီးသီးရရှိခဲ့ကြပါသည်။
ဆက်လက်၍ ပိတ်ပွဲအခမ်းအနားတွင် အခြားရွေးချယ်ခြင်းခံရသော လူငယ်ကိုယ်စားလှယ် များနှင့်အတူ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ မနှင်းနီတြာအောင်မှ လူငယ်ကြေငြာ စာတမ်းအားဖတ်ကြားပေးခဲ့ပါသည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) အား အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် လူငယ် ကိုယ်စားလှယ်များအတွက်လည်း အထူးဝမ်းမြောက်ဂုဏ်ယူပါသည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)အနေဖြင့် မြန်မာလူငယ်များ၏ ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊ဘောဂ ဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စဥ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးလျှက်ရှိပြီး နိုင်ငံတစ်ဝန်းတွင် သဘာဝဘေး အန္တရာယ်များကျရောက်လာပါကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ပါဝင် ကူညီပေးလျှက်ရှိပါသည်။
Photo credits: Eleven Media Group (for selected images)

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm