သတင်းများ
“လူငယ်ငြိမ်းချမ်းရေးစေတနာ့ဝန်ထမ်း” သင်တန်း
မန္တလေး
ဇန်နဝါရီ ၁၉
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ကြီးမှူး၍ဖွင့်လှစ်သော “လူငယ်ငြိမ်းချမ်းရေးစေတနာ့ဝန်ထမ်း” သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နှင့် ၂၀ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီး မန္တလာတက္ကသိုလ် ၌ နှစ်ရက်တိုင်တိုင် ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)မှ အမှုဆောင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သိန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး၊ လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ မန္တလာတက္ကသိုလ်ပါမောက္ခချုပ်နှင့်ဆရာ/မများ၊ တိုင်းအဆင့်ဌာန ဆိုင်ရာညွှန်ကြားရေးမှူးများ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေ၊ အမှုဆောင်အဖွဲ့ဝင် ဦးဟန်ထွန်းဦးနှင့် သင်တန်းသား/သူ (၅၀) ဦး တက်ရောက်ခဲ့ပါသည်။
ပထမနေ့ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS)မှ အမှုဆောင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သိန်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ဦးအောင်ကျော်မိုးနှင့် မန္တလာတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးက အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ သင်တန်းသား/သူများအတွက် T-Shirtများအား ထောက်ပံ့ပေးအပ်ရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ ဆရာ/မများက သက်ဆိုင်ရာဘာသာရပ်များကို အစီအစဥ်တကျ ပို့ချသင်ကြား ပေးခဲ့ကြပြီး ညနေ(၄)နာရီတွင် ပထမနေ့သင်တန်းကို ရပ်နားခဲ့ပါသည်။
သင်တန်းဒုတိယနေ့တွင် သက်ဆိုင်ရာဆရာ/မများနှင့်အတူ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ “မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ MYDA” ခေါင်းစဥ်ဖြင့် ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသားလူငယ်သုံးဦးက “လူငယ်နှင့်ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဥ်” စသည့်ခေါင်းစဥ်များဖြင့် အုပ်စုလိုက်တင်ပြခြင်း၊ သရုပ်ပြခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် သင်တန်းဆင်းပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ သင်တန်းပို့ချသည့် ဆရာ/ ဆရာမများနှင့် သင်တန်းသား/သူများက အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားမှာ ညနေ (၄) နာရီတွင် ပြီးဆုံးခဲ့ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

