inner-new-banner-02

သတင်းများ

လူငယ်ငြိမ်းချမ်းရေးစေတနာ့ဝန်ထမ်းသင်တန်း

နေပြည်တော်၊ ဇန်နဝါရီ ၃၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှ ကြီးမှူး၍ “လူငယ်ငြိမ်းချမ်းရေးစေတနာ့ဝန်ထမ်းသင်တန်း” ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ Naypyitaw State Academy၌ မနက် (၉:၀၀) နာရီမှစတင်၍ နှစ်ရက်တိုင်တိုင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ညွှန်ကြားရေးမှူးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးအောင်ကျော်မိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေး၊ Naypyitaw State Academyမှ ပါမောက္ခချုပ် ဒေါက်တာနုနုလွင်၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါ်အေးအေးငြိမ်းနှင့်သင်တန်းသား/သူ (၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားပထမနေ့တွင် Naypyitaw State Academyမှ ပါမောက္ခချုပ် ဒေါက်တာနုနုလွင် က နှုတ်ခွန်းဆက်စကားနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် သင်တန်းသား/သူများအတွက် အမှတ်တရလက်ဆောင်အဖြစ် T-Shirtများကို မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ ပေးအပ်ရာ သင်တန်းသား/သူများကိုယ်စား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက လက်ခံရယူခဲ့ပါသည်။

ထို့နောက် သက်တန်းပို့ချသည့်အစီအစဥ်အားဆက်လက်ဆောင်ရွက်ခဲ့ရာ မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ “မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ” ခေါင်းစဥ်ဖြင့် သင်ကြားပို့ချခဲ့ပြီး ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာဘာသာရပ်များအား သင်ကြားပို့ချခဲ့ကြပါသည်။

သင်တန်းဒုတိယနေ့တွင် ပထမဦးစွာ Winding Up,Activites အစီအစဥ်အားပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်အေးအေးငြိမ်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဒေါ်နော်သဝါးတို့မှ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများအားသင်ကြားပို့ချခဲ့ပြီး နေ့လည် (၁:၃၀)အချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနားကိုအောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm