inner-new-banner-02

သတင်းများ

နွေရာသီ (အခမဲ့) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ တက်ရောက်ခဲ့ခြင်း

နေပြည်တော် ၊ မတ် ၄

ပြန်ကြားရေးဝန်ကြီးဌာန၊လယ်ဝေးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ၊ ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ နွေရာသီ(အခမဲ့)သင်တန်း များဖြစ်သည့်အခြေခံဂျူဒိုသင်တန်း၊ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်း၊ ယဉ်ကျေး လိမ္မာသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားပြီး လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်ဆန်းအောင်က သင်တန်းများဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ အား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်တန်း စည်းမျဉ်းစည်းကမ်းများအားရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ နာယက ဒေါ်ခင်လယ်လယ်ချစ်၊ ကိုရဲရင့်နှင့်အသင်းဝင်များမှသွားရောက်၍ အလှူငွေ (၁၀) သိန်းကျပ်အား ထောက်ပံ့လှူဒါန်းခဲ့ရာ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်ဆန်းအောင်က လက်ခံရယူခဲ့ပါသည်။
နွေရာသီ(အခမဲ့)သင်တန်းများဖြစ်သည့်အခြေခံဂျူဒိုသင်တန်းအား သင်တန်းသား/သူဦးရေ (၆၈) ယောက်ဖြင့်လည်းကောင်း၊ အခြေခံပန်းချီသင်တန်းအား သင်တန်းသား/သူဦးရေ (၉၈) ယောက် ဖြင့်လည်းကောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများအား သင်တန်းသား/သူဦးရေ (၇၀) ဦးဖြင့် လည်းကောင်း မတ်လ ၁ ရက်မှ ၁၅ ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီးအခြေခံအင်္ဂလိပ်စာ Grammar သင်တန်းအား သင်တန်းသား/သူဦးရေ (၉၅)ယောက်ဖြင့် မတ်လ ၁၅ ရက်မှ ၃၁ ရက် အထိ နေ့စဉ်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm