သတင်းများ
နွေရာသီ (အခမဲ့) သင်တန်းဆင်းပွဲ့အခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ တက်ရောက်ခဲ့ခြင်း
နေပြည်တော် မတ် ၁၅
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်း လာစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍နွေရာသီ(အခမဲ့)သင်တန်းများ ဖြစ်သည့် အခြေခံဂျူဒိုသင်တန်း၊ ယဉ်ကျေးလိမ္မာ သင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးမြတ်သူရဇော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြဦးထွန်းထွန်းနိုင်က သင်ကြားခဲ့သည့် နည်းစနစ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း(MYDA)မှ တာဝန်ခံဦးရဲရင့်က လူငယ်သင်တန်းများအတွက် လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နွေရာသီ(အခမဲ့)သင်တန်းများတွင်အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းသည့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)နှင့် မြို့နယ်အတွင်း ဖွင့်လှစ်မည့်နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများအတွက် အလှူငွေ ကျပ်တစ်သိန်း လှူဒါန်း သည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်တို့အား ပြန်ကြားရေး ဝန်ကြီး ဌာန၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ဆက်လက်၍ မြို့နယ် ဦးစီးမှူးက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။
လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီ(အခမဲ့)သင်တန်းများ ဖြစ်သည့် အခြေခံဂျူဒိုသင်တန်း၊ အခြေခံပန်းချီသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများအား မတ်လ ၁ ရက်မှ ၁၅ ရက်နေ့အထိသင်ကြားပေးခဲ့ပြီး အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းနှင့် အေရိုးဗစ်သင်တန်းအား မတ်လ ၁၆ ရက်မှ ၃၁ ရက်အထိလည်းကောင်း ဆက်လက်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

